link

Tuesday, March 11, 2014

“ အပြုံး…”



အပြုံးတစ်ချက် ပြုံးပြဖို့ ဘာမှ မကုန်ပါ။
ဒါပေမယ့် အပြုံးတစ်ချက်ဟာ ကြီးမားတဲ့ အကျိုးဆက်ကို ဖြစ်စေနိုင်ပါတယ်။
အပြုံးကို ရသူဟာ ပိုမိုအင်အားပြည့်ဝပြီး ပေးရသူအတွက်လည်း
ဘာမှ လျော့ပါးသွားခြင်းလည်း မရှိပါ။
အပြုံးတစ်ချက်ဟာ တစ်ခဏသာ ကြာပါတယ်။
အပြုံးလက်ခံရသူရဲ့ စိတ်နှလုံးမှာ ထာဝရ တည်သွားနိုင်ပါတယ်။
ချမ်းသာလွန်း၊ အင်အားကြီးလွန်းသူတွေလည်း
အပြုံးအင်အား၊အပြုံးချမ်းသာ ထပ်လိုကြပါတယ်။
အပြုံးဟာ ဆင်းရဲ၊ချမ်းသာဆိုပြီးခွဲခြားထားခြင်းမရှိပါ။
အပြုံးတစ်ချက်ဟာ မိသားစု ပျော်ရွှင်မှုကို ဖန်တီးပေးပါတယ်။
လုပ်ငန်းလုပ်ဆောင်ရာမှာလည်း စိတ်စေတနာကောင်းဖို့ ဖြစ်စေပါတယ်။
တစ်ဦးနဲ့တစ်ဦးမိတ်ဆွေဖြစ်မှုရဲ့ သက်သေပြ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
မတည်မငြိမ် ဝေဝါးနေသူအတွက် အပြုံးက အနားရစေပါတယ်။
ဝမ်းနည်းနေသူအတွက် မျှော်လင့်ချက်နေရောင်သဖွယ်ဖြစ်ပါတယ်။
အပြုံးဟာ ဒုက္ခရောက်နေသူအတွက် အကောင်းဆုံး သဘာဝဆေးပင်ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ကို ဝယ်ယူ၍ မရပါ။
တောင်းခံ၍ လည်း မရပါ။
ချေးငှားခြင်း (သို့မဟုတ် )
ခိုးယူခြင်းဖြင့်လည်း မရနိုင်ပါ။
အပြုံးဟာ အခြားလူအတွက် မပေးကမ်းသမျှ
ဘယ်သူ့အတွက်မှ တန်ဖိုးမရှိတဲ့ အရာဖြစ်ပါတယ်။
သင့်အပြုံးနဲ့ အခြားသူများကို စတင်ကြိုလိုက်ပါ။
သူတစ်ပါးအတွက် မပြုံးနိုင်အောင်
အခြေအနေဆိုးသူ မရှိပါ။
ဆင်းရဲနေသူမရှိပါ။

No comments:

Post a Comment

Twitter Bird Gadget