link

Sunday, March 23, 2014

ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ


      ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။

ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌
ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။



အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော


မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။


ထိုချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ


ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်းစာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။


ထိုသူသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီးအသီးသီးသို့ သွားရောက်ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ


သယ်ရန်အတွက် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမားငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ

Photo: ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ 

24.7.2013

ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး

... ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။

ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။

ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။

အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-

(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။

(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။

(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။

(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။

(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း

သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။

မြ၀တီ


ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး

... ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ပါသည်။

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။



၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

သမိုင်းဝင် ရှားပါး မှတ်တမ်းလေးများ


http://www.burmadailynews.co.cc/ မှ ကူးယူဖေါ်ပြပါသည်။
အညာလှေ
ပါတော်မူပြီးစ မန္တလေးနေပြည်တော်။
ဒုတိယကမ္ဘာစစ်အတွင်းကမန္တလေးတနေရာ        
ကုန်ဘောင်ခေတ်နှောင်း နန်းတွင်းသူလေးများ
အင်္ဂလိပ်တို့ဖမ်းထားသော မြန်မာတော်လှန်ရေးသမားများ။
မြေဝိုင်းဇာတ်
တချိန်ကဆင်ဦးစီးများ
မန္တလေးအကျဉ်းထောင်အတွင်ဖမ်းဆီးထားသော မြန်မာတော်လှန်ရေးသမားများ။
အင်္ဂလိပ်တို့ဖမ်းထားသော မြန်မာတော်လှန်ရေးသမားများ။
အင်္ဂလိပ်တပ်ဖွဲ့များ ဂေါဝိန်ဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်
မြန်မာ့လှည်းယာဉ်
ကုန်းဘောင်ခေတ်နှောင်းကျေးလတ်ဈေး။
ကနောင်မင်းဧ။်မြစ် ရတနာနတ်မယ်။
ကနောင်မင်းဧ။်မြစ် ရတနာနတ်မယ်
ကနောင်မင်းဧ။်မြစ် ရတနာနတ်မယ်
ဦးနေဝင်းနှင့်လက်ထပ်စဉ်က ရတနာနတ်မယ်။
ယနေ့တွေ့မြင်ရသောရတနာနတ်မယ်(အီတလီနိုင်ငံ)
မန္တလေးမြို့အားသိမ်းပိုက်ပြီးစ အင်္ဂလိပ်စစ်တပ်။
ဂေါဝိန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော အင်္ဂလိပ်စစ်သင်္ဘောများ။
မြန်မာဆေးမှင်ကြောင်း။
ကုန်းဘောင်ခေတ် မြန်မာ့လူနေရပ်ကွပ်တခု။
ကုန်းဘောင်ခေတ်နှောင်း အမျိုးသမီးတဦး။
ကုန်းဘောင်ခေတ်နှောင်းဇနီးမောင်နှံ။
သပြေတန်းခံတပ်။

စံတင်လောက်သော မိန့် ခွန်းများ (ဗိုလ်ချုပ်အောင်ဆန်း)


ဗိုလ်ချုပ်အောင်ဆန်း၏ ဂန္တ၀င်စံတင်မည့်မိန့်ခွန်းစကားများ
****************************************
၁။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကြ။
အင်အားမရှိဘဲနဲံ စာရွက်ပေါ်မှာ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော နိုင်ငံကို ဘယ်လိုကြီး ရေးသားထား ပေမယ့် ထို၏နောက်မှာ အင်အားကောင်းမရှိလျှင် ဘာမှအဓိပ္ပါယ်မရှိဘူး။ ( နိုင်ငံရေး ရှင်းလင်းပွဲ မိန့်ခွန်း ၁၉၄၇ မတ်လ (၁၉)ရက်)

တရုတ် - မြန်မာ စစ်ပွဲများ


ယိုးဒယားမှ မြန်မာ စစ်တပ်ကြီးသည် အလျင်အမြန် ပြန်လည် ဆုတ်ခွာ၍ တရုတ်တို့၏ စစ်ရေးဆင်မှုကို တွေ့ဆုံရလေသည်။ မြန်မာတို့က နယ်စပ် ဒေသများ ပေါ်တွင် ထိရောက်စွာ ပိုင်နိုင်ကြောင်းကို ပြလာသော အခါ တရုတ်တို့နှင့် အရေးအခင်း ပေါ်ပေါက်ရမည်ကား မလွဲမသွေ ဖြစ်တော့သည်။ မြန်မာနိုင်ငံတွင်းသို့ တရုတ်တို့ စစ်ချီတက် တိုက်ခိုက်ရသည့် အကြောင်းများ ဟူ၍ မြန်မာအများ သိကြသော အချက်ကြီး နှစ်ချက်မှာ စင်စစ်အားဖြင့် အရေးကြီးလှသည့် အချက်များ မဟုတ်ချေ။ ပထမ အချက်မှာ ကျိုင်းတုံနယ် အနီးတွင် တရုတ်နှင့် မြန်မာတို့ အချင်း ဖြစ်ပွားရာ၌ တရုတ် တဦး သေဆုံးရသည့် ကိစ္စ ဖြစ်၍၊ ဒုတိယ အချက်မှာ သာမန် ကူးသန်း ရောင်းဝယ်ရေး အတွက် တပိန် မြစ်ကို ဖြတ်၍ တံတားခင်းရန် ပြောဆိုကြရာမှ အစပြုကာ အချင်းပွားသည့် ကိစ္စ ဖြစ်လေသည်။ တရုတ် မြန်မာ စစ်ပွဲ ဖြစ်ရသည့် အကြောင်းရင်း မူမှန်ကား ကုန်းဘောင် အရာရှိများက သိန္နီ၊ ဗန်းမော်နှင့် ကျိုင်းတုံ စော်ဘွားတို့ကို ရာထူးမှ နှုတ်သိမ်းသော အခါ ထိုရှမ်း စော်ဘွား သုံးဦးသည် ယူနန်သို့ ပြေးဝင် ခိုလှုံ၍ ယူနန် ဘုရင်ခံကို တန်ဆိုး လက်ဆောင်များ ပေးကြသည်။ ယူနန် ဘုရင်ခံသည် စော်ဘွား သုံးဦးကို နယ်ပယ်များ ပြန်လည်ရအောင် တိုက်ပေးမည် ဟူ၍ ကတိ ပေးပြီးလျှင် တရုတ် ဧကရာဇ် ချင်းလုံမင်းထံ အထက်တွင် ဖော်ပြပြီးသော အချင်းပွားမှုတို့ကို အကြောင်းပြ၍ မြန်မာတို့သည် နယ်စပ်ရှိ တရုတ် ပိုင်နက် နယ်ပယ်များကို ကျူးလွန်နေကြောင်း လျှောက်တင်သည်။ တရုတ်တို့ မြန်မာ နိုင်ငံသို့ စစ်ချီ လာခြင်းမှာ တရုတ်တို့၏ ဝါဒအရ နယ်စပ်ဒေသများတွင် လှုပ်ရှားမှု ကင်း၍ လုံခြုံ အေးချမ်းမှု ရှိမှသာလျှင် တရုတ် ဧကရာဇ်သည် တရုတ်နိုင်ငံ အလုံးကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် နယ်စပ် ဒေသများကို များစွာ အရေးထား လိုခြင်းကြောင့် ဖြစ်လေသည်။ ထိုအချိန်က တရုတ် ဧကရာဇ်သည်လည်း တန်ခိုးအင်အား ပြည့်ဝလျက် ရှိကာ မိမိတို့ ဝါဒ အတိုင်း ဖြစ်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိလေသည်။


တရုတ် မြန်မာ ပဋိပက္ခမှုကို အလျှင်အမြန် ပေါ်ပေါက်စေသည့် ရာဇဝင် နောက်ကြောင်းပြန် အချက်ကား ကွေ့ရှမ်းများ ဖြစ်လေသည်။ အလောင်းဘုရား လက်ထက်တွင် ကွပ်မျက် သုတ်သင်ခြင်း ခံရသော ကွေ့ရှမ်း ဂုဏ္ဏအိမ်၏ သား မယား ဆွေမျိုးတို့သည် တရုတ် မြန်မာ နပ်စပ်တွင် မကြေမချမ်းသော စိတ်ဖြင့် ဆူပူ လှုပ်ရှားလျက် ရှိကြသည်။ နယ်စပ် ဒေသများ၌ ငြိမ်ဝပ် ပိပြားစေရန် တရုတ်တို့ အားထုတ်သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့ကြောင့် အင်အား ကြီးမားသော စစ်တပ်ကြီး ပို့၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု တရုတ် ဧကရာဇ်က အမိန့် ထုတ်ပြန်လိုက်သည်။ ယူနန် စစ်တပ်ကြီးသည် စစ်ရေး ပြင်ဆင်နေသည့် အချိန်၌ မြန်မာမင်း ဆင်ဖြူရှင် ၁၇၆၅ ခုနှစ်တွင် စစ်ကဲကြီး တိမ်ကြားမင်းခေါင်ကို ကျိုင်းတုံ မြောက်ဘက်ရှိ နယ်များမှ အခွန် ဘဏ္ဍများ ကောက်ခံရန် စေလွှတ်လိုက်သည်။ တိမ်ကြားမင်းခေါင်သည် အမှုတော်ကို ထမ်းရွက်ပြီး၍ အင်းဝသို့ ပြန်သောအခါ ကျိုင်းရုံးကြီးတွင် အရာရှိများကို ခန့်ထား ခဲ့လေသည်။ ထို အရာရှိများကို ထိုနယ်သားများက လုပ်ကြံ လိုက်ပြီးလျှင် တရုတ်ဘက်သို့ အကာအကွယ် ပေးရန် ပြေးဝင် ခိုလှုံလေသည်။ တရုတ်တို့ကလည်း ကျိုင်းတုံကို ၎င်းတို့၏ သြဇာ အာဏာ နာခံစေရန် လိုလား၍ ကျိုင်းတုံကို တိုက်ခိုက်ရန် စစ်ကြောင်း ချီတက်လေသည်။
တရုတ်တို့ကို တိုက်ခိုက် နှင်ထုတ်လိုက်ခြင်း
ကျိုင်းတုံသည် မြန်မာ့ လက်အောက်တွင် ရောက်နေပြီ ဖြစ်သည့် အတွက် အရေးကိစ္စများ ပေါ်ပေါက်လျှင် အဆင်သင့် ဖြစ်စေရန် စီမံထားသော ဆင်ဖြူရှင်သည် အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကို နေမျိုးစည်သူ ကွပ်ကဲ၍ ကျိုင်းတုံသို့ စေလွှတ်လိုက်သည်။ တရုတ်တို့ကို မြန်မာတို့က ကျိုင်းတုံနယ်မှ တိုက်ခိုက် နှင်ထုတ်နိုင်သည် သာမက တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ရာ၊ ပထမ တလော မြစ်ကမ်းပါးသို့ ရောက်သည်။ ထိုနောက်၊ မဲခေါင်မြစ် အရောက်တွင် တရုတ် စစ်မှူး ကျဆုံးလေသည်။ တရုတ်တို့ အဆိုအရ ထိုအချိန်တွင် ယူနန် ဘုရင်ခံသည်။ စိတ်ဓာတ် ပျက်ပြား လာပြီးလျှင် တရုတ် ဧကရာဇ်ကို မည်သို့ တင်လျှောက် ရမည် မသိသောကြောင့် ကြောက်ရွံ့စိတ်ဖြင့် မိမိ အသက်ကို အဆုံး စီရင်လိုက်သည် ဟူ၏။
ဒုတိယ အကြိမ် တရုတ်တို့ ချီတက်ခြင်း
ဤတွင် တရုတ် ဧကရာဇ်သည် ယူနန် ဘုရင်ခံ အသစ် ခန့်အပ်လိုက်သည်။ ထို ယူနန် ဘုရင်ခံသစ်သည်လည်း မြန်မာတို့ကို စစ်ရှုံးခဲ့သဖြင့် တရုတ် သမိုင်းဆရာများက ၎င်းကို "စိတ်နေဘုံဖျားနှင့် အရည်အချင်း ပါမွှားရှိသူ" ဟု ရေးမှတ်ကြသည်။ ဘုရင်ခံသစ်သည် ပွဲဦးထွက်တွင် စစ်ပွဲငယ် ကလေးများ၌ မြန်မာတို့ကို နိုင်လိုက်သည့် အတွက် မြန်မာတို့ကို မန်ချူး လက်အောက်သို့ အပြီးတိုင် သိမ်းသွင်းရန် သဘောပေါက် လာလေသည်။ သို့မှသာလျှင် မြန်မာတို့သည် မန်ချူးတို့ကို နှောင့်ယှက်နိုင်မည် မဟုတ်တော့ဟု အထင်ရောက်လေသည်။ ဘုရင်ခံသစ်သည် တရုတ် ဧကရာဇ်ထံ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းများသည် တရုတ်တို့၏ သြဇာခံရန် လွန်စွာ လိုလားနေကြောင်း ထိုကြောင့် မိမိအား ကျယ်ပြန့်သော အစီအစဉ်များ ပြုရန် အမိန့် ချပေးပါမည့် အကြောင်း လျှောက်ထား လေသည်။ တရုတ် ဧကရာဇ် ချင်းလုံ မြန်မာနိုင်ငံကို အလွယ်တကူ အောင်နိုင်လိမ့်မည်ဟု ယူဆမိသည်။ သို့သော် ယူနန် ဘုရင်ခံကို သတိ ဝိရိယနှင့် စီမံ ဆောင်ရွက်ရန် သတိပေးပြီးလျှင် မြန်မာနိုင်ငံသို့ စစ်ချီတက်ရန် ခွင့်ပြုလိုက်သည်။ ဧကရာဇ် အမိန့် ပြန်တမ်းများတွင် မြန်မာနိုင်ငံကို သိမ်းသွင်းပြီးလျှင် မြန်မာ့ နန်း၌ မိမိတို့ အလိုရှိသည့် နန်းလျာကို တင်ရန် ရည်ရွယ်ချက် ရှိကြောင်း တွေ့မြင်ရလေသည်။


ရှေးယခင်က မြန်မာနှင့် တရုတ်နိုင်ငံ ကူးလူးဆက်ဆံကြရာ၌ ဗန်းမော်ကို ဖြတ်သန်းလေ့ ရှိကြသည်။ ဆင်ဖြူရှင်သည် တရုတ် တပ်ကြီး မရောက်မီလေးတွင် ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်သည်။


ဗန်းမော်မြို့ကို မူကား မြန်မာတို့သည် တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုသောကြောင့် တရုတ်တို့သည် လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြသည်။ မြန်မာ ပြည်မတွင်းသို့ ဝင်ရောက် တိုက်ခိုက်နိုင်ရန်မူ တရုတ်တို့သည် ကောင်းတုံကို သိမ်းပိုက်ရ ပေလိမ့်မည်။ မြန်မာ ဘုရင်လည်း တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲသည့် စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့် နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေသည်။ ကောင်းတုံတွင် မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ် ထိုးစစ် ဆင်လာသော တရုတ်တို့ကို စစ်ကူများ ရောက်လာသည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြလေသည်။ နေမျိုးစည်သူ၏ စစ်တပ်ကြီးသည် ဦးစွာ ဗန်းမော်ကို ပြန်လည် သိမ်းပိုက်လိုက်သည်။ ဗန်းမော်မြို့တွင် တရုတ်တို့အတွက် စားနပ်ရိက္ခာ အပြည့် သိုလှောင်ထားသော်လည်း နာမကျန်း ဖြစ်နေသော တရုတ် စစ်သည်များနှင့် ရှမ်းတို့သာလျှင် အစောင့်အကြပ် ထားခဲ့သောကြောင့် မြန်မာတို့သည် ဗန်းမော်ကို အလွယ်တကူ ပြန်လည် သိမ်းပိုက် နိုင်ကြလေသည်။



တရုတ်တို့ကို တွန်းလှန်လိုက်ခြင်း
ဗန်းမော်မြို့ကို သိမ်းပိုက်ပြီးနောက် တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်ရန် ရက်သတ်မှတ်၍ ကောင်းတုံခံတပ်မှ မြန်မာတို့က ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ရန် အစီအစဉ် ပြုကြသည်။ တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု မှတ်တမ်းများတွင် ဝန်ခံထားသည်။ တရုတ် စစ်မှူး ချိုဟန်ပိုင်သည့် ကင်းကျန်သော စားနပ် ရိက္ခာများကို ဖျက်ဆီးပြီးလျှင် တပ်ပြန်ဆုတ် လေသည်။ ထိုအချိန်တွင် ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ တပ်ကြီးသည် ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ပြီးနောက် ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးတွင် စခန်းချ နေသော တရုတ် စစ်တပ်ကို အောင်နိုင် ကြလေသည်။ မြန်မာတို့သည် တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီးလျှင် ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြသည်။ ထိုနေရာတွင် မဟာသီဟ သူရ၏ စစ်တပ်ကြီးနှင့် ပူးပေါင်း မိကြပြန်သည်။ နယ်စပ်ရှိ တရုတ်တို့၏ ခံတပ်များကို မြန်မာ စစ်တပ်ကြီးသည် သိမ်းပိုက်ပြီးလျှင် ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိကြသည်။ ယန်ချန်နှင့် တိန်ရွှေ တိုင်အောင် လမ်းတလျှောက်မှ ရွာများကို ဖျက်ဆီးကြသည်။ တရုတ် မှတ်တမ်းတွင် ယူနန် ဘုရင်ခံသည် ထိုအချိန်၌ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုသည်။ တရုတ် ဧကရာဇ် ချင်းလုံသည် သမားတော် တဦးကို စေလွှတ်၍ ဟန်ဆောင်ခြင်း ဟုတ် မဟုတ် နှင့် အခြေအနေ အရပ်ရပ် အားလုံးကို လျှို့ဝှက် အစီရင်ခံစာ တင်ရန် စေလွှတ်လိုက်သည်။ ယူနန် ဘုရင်ခံသည် ကြောက်ရွံ့ လှသောကြောင့် လိမ်လည် လှည့်ဖျား၍ ဧကရာဇ်ထံ အစီရင်ခံသည်။ ဗန်းမော်တွင် မြန်မာစစ်သည် တသောင်း ကျဆုံးသောကြောင့် နေမျိုးစည်သူ ကိုယ်တိုင် လာရောက်၍ အညံ့ခံပါမည်ဟု စကား ကမ်းလှမ်းလာကြောင်း ဗန်းမော် မြို့သူ မြို့သားတို့သည် တရုတ်တို့ ထုံးစံကို လိုက်၍ ကျစ်ဆံမြီးများပင် ထားကြပြီ ဖြစ်ကြောင်း၊ သို့သော် မြန်မာတို့နှင့် စစ်ပြေငြိမ်း၍ ဗန်းမော်ကို အပ်နှင်းပြီးလျှင် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို အစီအစဉ် ပြုရန်သင့်ကြောင်း မဟုတ်မမှန် ရေးသား စီရင်ခံလိုက်သည်။ သို့ရာတွင် အစီရင် ခံစာကို ဖတ်ပြီးသည်နှင့် တပြိုင်နက်တည်း ဧကရာဇ်သည် အဖြစ်မှန်ကို သိမြင်လေသည်။ အကယ်၍ မြန်မာတို့သာ နေရာတကာတွင် စစ်ရေး ရှုံးနိမ့်သည် မှန်လျှင် တရုတ် မြန်မာ စစ်ပွဲသည် တရုတ် နိုင်ငံတွင်း၌ ပေါ်ပေါက်ရန် အကြောင်း မရှိသည်ကို သဘောပေါက် သဖြင့် ယူနန် ဘုရင်ခံကို ပီကင်းသို့ လာရန် ဆင့်ခေါ်လိုက်သည်။ ပီကင်းရောက်သော အခါ ယူနန် ဘုရင်ခံကို မိမိကိုယ် မိမိ အဆုံးစီရင် စေလေသည်။
တတိယအကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက် တိုက်ခိုက်ခြင်း
ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ကြီး တဦး ဟူ၍ အသိအမှတ် ပြုခံရသော၊ မင်းယွီအား ခန့်အပ်၍ စစ်သည် ၂၇,၀၀၀ ပါဝင်သော တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေသည်။ စစ်တပ် တဝက်မှာ ဗန်းမော်နှင့် ကောင်းတုံသို့ ချီတက်ပြီးလျှင် အင်းဝတွင် မင်းယွီ၏ တပ်နှင့် ပူးပေါင်းရန် ဖြစ်သည်။ မင်းယွီ ကိုယ်တိုင်မူ အခြား စစ်တပ် တဝက်ကို အုပ်ချုပ်၍ နန်းခမ်း နယ်စပ် တဘက်ရှိ ဝမ်တန်မှ ရှစ်ရက် အတွင်း သိန္နီအရောက် ချီတက်လေသည်။


သိန္နီရှိ မြန်မာ အရာရှိများ ထွက်ပြေး တိမ်းရှောင် ကြသောအခါ တရုတ်တို့ထံ၌ ခိုလှုံသော စော်ဘွား ငအောင်ထွန်းကို တရုတ်တို့က သိန္နီ စော်ဘွား ခန့်အပ်သည်။ ထိုနောက် ထိုးစစ်ဆင်ရန် ချီတက်သွားသော မင်းယွီ နှင့် စစ်သည် ၁၂,၀၀၀ အတွက် ရိက္ခာထောက် တပ်ကို စောင့်ရှောက် ကာကွယ်ရန် ထိပ်တန်း အရာရှိ တာဆင်ဂါးကို တရုတ် စစ်သည် ၅,၀၀၀ နှင့် ထားခဲ့လေသည်။ မင်းကြီး မဟာစည်သူ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်တို့ စစ်ဦးကို ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့လေသည်။ မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးသည် ရွှေစာရံမှ မြစ်ငယ်မြစ်ကို ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားလေသည်။ သိန္နီမှ စေလွှတ်သော တရုတ် ရိက္ခာထောက် တပ်ကို ဖြတ်တောက်ပြီးလျှင် တရုတ်တို့ကို နောက်ကြောင်းမှ ဝင်၍ တိုက်ခိုက်ရန် စီစဉ်ထားသည်။ နေမျိုးစည်သူ ကွပ်ကဲသော တတိယ မြန်မာ့ စစ်ကြောင်းသည် တရုတ် စစ်မှူး အာတင်ဂျီး ကွပ်ကဲသော တပ်ကို ဆီး၍ တိုက်ခိုက်ရန် ချီတက်လေသည်။


ဂုတ်ထိပ် အရပ်တွင် မဟာစည်သူ၏ တပ်နှင့် မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ တိုက်ပွဲတွင် မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ကြသည်။ တိုက်ပွဲမှ တိမ်းရှောင် နိုင်သူတို့သည် ထူထပ်လှသော ကိုင်းတောကြီးများ အတွင်းသို့ ခိုလှုံကြပြီးလျှင် နေပြည်တော်သို့ သတင်း ပေးပို့ကြသည်။ ဤအဖြစ်ကို ဆင်ဖြူရှင်သည် တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်သည်ကို တွေ့ရသည်။ နိုင်ငံအလုံး၏ ကံကြမ္မာသည် ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင် တည်နေသည်။ ဘုရင်သည် ခေါင်ချုပ် ဖြစ်လေရာ တချက်တိမ်းလျှင် တနိုင်ငံလုံး တုန်လှုပ် ခြောက်ခြား၍ အစည်းပြေလျှက် တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက် သွားနိုင်ဖွယ် အကြောင်း ရှိသည်။ သို့သော် ဆင်ဖြူရှင်သည် ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့သည်။ မင်းယွီသည်လည်း အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကာ အခြား တရုတ် စစ်တပ်များထံမှ အထောက်အပံ့ မရခဲ့သဖြင့် မြန်မာနိုင်ငံသည် တရုတ်တို့ သိမ်းပိုက်ခံရသည့် ဘဝမှ လွတ်ကင်းခဲ့လေသည်။ မြန်မာနိုင်ငံတွင် ဘုရင် အုပ်ချုပ်ရေး စနစ်သည် ချို့ငဲ့ချက် များစွာ ရှိလေသည်။ သို့သော် စိတ်ထား ကြံ့ခိုင် ပြတ်သားသော ဘုရင်မျိုးသည် သေရေး ရှင်ရေးကို ဖန်တီးနိုင်သည့် အရေးတကြီး ကာလ၌ စိုးစံခြင်း ရှိလျှင် နိုင်ငံ၏ ကံကြမ္မာကို ကယ်တင်နိုင်လေသည်။ ဆင်ဖြူရှင်သည်လည်း ကြံ့ခိုင်သော နှလုံးရည်ဖြင့် တရုတ်တပ်ကြီး နီးကပ်လာခြင်းကို ကြောက်ရွံ့ တုန်လှုပ်သည့် အမူအရာ တစိုးတစိမျှ မပြခဲ့ချေ။ ဤအချက်သည်ပင် မင်းယွီ၏ တရုတ် စစ်တပ်ကြီး အင်းဝ နေပြည်တော် အနီးသို့ ချဉ်းကပ်ခြင်း မပြုနိုင်ရန် ဖန်တီးသကဲ့သို့ ဖြစ်လေသည်။ မြန်မာ စစ်တပ်များသည် ပြန်လည်၍ အင်အား ဖြည့်ပြီးလျှင် တရုတ်တို့ကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ မဟာသီဟ သူရနှင့် တိမ်ကြားမင်းခေါင်တို့ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်စစ်တပ် အချင်းချင်း မဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် ရိက္ခာထောက် တပ်များကိုလည်း ဟန့်တား ဖြတ်တောက်ထားကြသည်။


မင်းယွီ၏ စစ်တပ်ကြီးသည် ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိသဖြင့် ရိက္ခာများ အရေးတကြီး လို၍ နေလေသည်။ သို့ရာတွင် မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ရန် အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက် တပ်များသည် မြန်မာတို့၏ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့် လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာ ကြလေသည်။ ထိုအချိန်တွင် အခြားစစ်မှူး၊ စစ်ကဲတို့က နေပြည်တော်သို့ ပြန်လည် ချီတက်ပြီးလျှင် အကာအကွယ် ပေးလိုကြသည်။ သို့သော် မင်းကြီး မဟာသီဟ သူရက နောက်ထပ် တရုတ် စစ်ကူနှင့် ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမည်ဟု မိန့်ဆို၍ နေပြည်တော်သို့ ပြန်လည် တပ်ခေါက်ရန် အစီအစဉ်ကို တားမြစ် လိုက်သည်။ မဟာ သီဟသူရ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ရန် နေမျိုးစည်သူသည် ကောင်းတုံ၌ အခြေအနေ အေးချမ်းပြီ ဖြစ်သဖြင့် မဟာသီဟ သူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းလေသည်။ မြန်မာတပ် နှစ်တပ် ပေါင်း၍ သိန္နီကို အပြင်းတိုက်သော အခါ တရုတ် စစ်မှူးကြီး တာဆင်ဂါးသည် စိုးရိမ် ထိတ်လန့်မှု ပြင်းပြသဖြင့် မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်လေသည်။


ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။ ထိုအချိန်၌ မင်းယွီသည် အင်းဝ နေပြည်တော်ကို မိမိ တဦးတည်းနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ဟု ယူဆပြီးလျှင် အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့လေသည်။ မင်းယွီသည် မိမိ၏ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော မြန်မာ တပ်ကြီးသည် မိမိ စစ်နောက်ကြောင်းဘက်တွင် ရောက်နေကြောင်း သိသဖြင့် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့သည်။ ဤ လမ်းကို ရွေးချယ်ခြင်းမှာ စားနပ်ရိက္ခာ ရလို ရငြား သဘောဖြင့် လည်းကောင်း၊ မြောက်ဘက်မှ ချီလာမည့် တရုတ် စစ်တပ်ကြီးနှင့် ဆက်မိစေရန် သဘောဖြင့် လည်းကောင်း၊ ရွေးချယ်ခြင်း ဖြစ်နိုင်လေသည်။ သို့ရာတွင် မင်းယွီသည် မြန်မာ စစ်တပ်ပေါင်း များစွာကို ရင်ဆိုင် တွေ့ရလေတော့သည်။ မဟာ စည်သူသည် မိမိ၏ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီးလျှင် မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်လေသည်။ မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိလေသည်။


တရုတ်တို့ အရေးနိမ့် ပြန်ခြင်း
မြန်မာတို့သည် တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင် ကြပ်တီးစွာ ပိတ်ဆို့ ဝန်းဝိုင်းထားကြရာ မြန်မာနိုင်ငံမှ တရုတ် စစ်တပ်ကြီးသည် ပြန်လည် ဆုတ်ခွာရန် တရုတ် ဧကရာဇ်၏ မိန့်ကြားချက်ကိုပင် မင်းယွီထံပေးရန် တရုတ် တမန်တို့သည် မစွမ်းနိုင် ဖြစ်ကြလေသည်။ မင်းယွီသည် ၎င်း၏ စစ်သည်များကို အစွမ်းကုန် ကြိုးစား၍ မြန်မာ တပ်အား ထိုးဖောက်ရန် အမိန့်ပေးပြီးလျှင် ၎င်းကိုယ်တိုင်မှ စိတ်ပျက် အားလျော့သဖြင့် ကျစ်ဆံမြီးကို ဖြတ်၍ ချင်းလုံမင်း၏ သစ္စာ ခိုင်မြဲကြောင်း အထိမ်းအမှတ် အဖြစ် ပေးပို့စေပြီးလျှင် ကြိုးဆွဲချ၍ အဆုံးစီရင် လိုက်လေသည်။ မြန်မာ့ တပ်မတော်လည်း တရုတ်တို့ ဆုတ်ခွာသည်ကို မြင်လေသော် အရှင့်တာဝန် ကျေ့ပန်ပြီဟု ဆိုကာ ဖမ်းဆီးရမိသော သုံ့ပန်းများ၊ လက်နက်များနှင့်အတူ နေပြည်တော်သို့ ပြန်လည် ချီတက်ကြရာ ၁၇၈၆ ခုနှစ်၊ မတ်လတွင် အင်းဝသို့ ဆိုက်ရောက်ကြသည်ဟု မြန်မာတို့၏ အမှတ်အသားတွင် တွေ့ရလေသည်။


တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင် ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရာတွင် ထိုးစစ်ဖြစ်သဖြင့် မြန်မာနှင့် တရုတ် အင်အားကို အခြေအနေ တမျိုး ပြောင်းလဲစေသည်ဟူသော ယူဆချက်ကို ချင်းလုံမင်းသည် လက်မခံဘဲ၊ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။



စတုတ္ထ အကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက်ခြင်း
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်တွင် မြန်မာတို့သည် တရုတ်တပ်ကြီး ချီတက်လာ ပြန်ချေပြီ ဟူသော သတင်းကို ရကြသည်။ ဤ အချိန်၌ တရုတ်တို့သည် နယ်စပ်တွင် ၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ဖြစ်လေသည်။ စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့ လွန်စွာ အားထားရသော မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်လေသည်။ မူလ အစီအစဉ်၌ ဖူဟင်းသည် ဧရာဝတီမြစ်ကို ဝိုင်းမော်၌ ဖြတ်ပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသများကို တဆင့်ပြီး တဆင့် တိုက်ခိုက်၍ ရွှေဘိုကို သိမ်းယူရန် ဖြစ်သည်။ ရွှေဘိုမှ တဆင့် အင်းဝသို့ ဆက်လက် ချီတက်ရန် ဖြစ်သည်။ ဗိုလ်ချုပ် အီလယ်တူ အုပ်ချုပ်သော တပ်ကြီးသည် ဧရာဝတီမြစ်၏ အရှေ့ဘက်မှ ဆင်း၍ ဖူဟင်း တပ်ကို ကူညီရန် ဖြစ်သည်။ တတိယ တရုတ်တပ်သည် မန်းဝန်းမှ ဗန်းမော်သို့ ချီတက်ရန် ဖြစ်လေသည်။ တရုတ်တို့ အစီအစဉ်မှာ ကနဦးကပင် ခြေလှမ်း မှားလေတော့သည်။


ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့သည်။ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍ လှည့်ကြသည်။ ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ စစ်တပ်နှင့် ပေါင်းမိသည်။ ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့် တဖန် ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ကြသည်။ သို့သော် ဗန်းမော်သည် မြန်မာတို့ အဖို့ အရေးပါ အားထားသော စခန်းဌာန မဟုတ်ချေ။ ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင် စခန်းတွင် တည်ဆောက်ကြသည်။ ထို့နောက် စစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို လှေတပ်ဖြင့် ဝိုင်းကြသည်။ ထို့နောက် တရုတ်တို့သည် ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတို့၏ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြသည်။
တရုတ်တို့ အရေး နိမ့်ပြန်ခြင်း
မြန်မာ စစ်မှူး စစ်ကဲတို့ သည် ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီးနောက် တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြသည်။ ကောင်းတုံသို့ မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက် တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရသည်။ ထို့နောက် ရွှေညောင်ပင်တွင် တိုက်ပွဲဖြစ်၍ ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသော တပ်နှင့် သွားရောက် ပူးပေါင်းကြသည်။ ဤတွင် မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး စုပုံ ကျဆုံးကြရ လေတော့သည်။ တရုတ်တို့၏ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်လေသည်။


ဤအချိန်တွင် တရုတ် ဧကရာဇ် ချင်းလုံသည် မြန်မာနိုင်ငံတွင်းမှ တရုတ်တပ်ကြီး ပြန်လည် ဆုတ်ခွာရန် အမိန့် ချလိုက်ပြီ ဖြစ်၍ အမိန့်တော် ပြန်တမ်း သဝဏ်လွှာတွင် မြန်မာတို့သည် အပြီးတိုင် ချေမှုန်း ဖျက်ဆီးခြင်း ခံရလောက်အောင် အပြစ်ကြီးမားသော်လည်း ဧကရာဇ်သည် ကရုဏာ သက်စွာဖြင့် ဆက်လက် တိုက်ခိုက်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်လိုက်ကြောင်း အကြောင်းကြားစေသည်။ တရုတ် သမိုင်းများတွင် မြန်မာတို့က စစ်ပြေငြိမ်းရန် တောင်းပန်၍ တရုတ်တို့၏ သြဇာခံ နိုင်ငံအဖြစ် နေထိုင်မည့် အကြောင်း ရိုကျိုးစွာ ကတိပြုသည်ဟု ရေးသားထားသည်။ မြန်မာတို့ကမူ တရုတ်စစ်မှူး စစ်ကဲတို့က စတင်၍ စစ်ပြေငြိမ်းရန် စကားဆိုလာသည်ဟု မှတ်တမ်း တင်ထားသည်။ တရုတ် စစ်တပ်ကြီးကို မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာစေပြီးလျှင် တရုတ် မြန်မာ စစ်မဖြစ်မီ အချိန်ကကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမည်ဟု တရုတ်တို့က ကတိပေးကြောင်း ရေးသား ထားလေသည်။ တရုတ်တို့ မြန်မာနိုင်ငံကို စစ်ပြုသည့် အကြောင်းရင်းမှာ ရှမ်းစော်ဘွားတို့၏ ကုန်းချော တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တရုတ်တို့က ပြောကြောင်း အဆိုရှိလေသည်။
တရုတ် မြန်မာ စစ်ပြေငြိမ်းခြင်း
မြန်မာ စစ်မှူး စစ်ကဲ အားလုံးလိုလိုသည် တရုတ်တို့နှင့် စစ်ပြေငြိမ်းရန် လိုလားခြင်း မရှိလှချေ။ သို့သော် စစ်မှူးချုပ် မဟာ သီဟသူရက ဤအခါသည် မြန်မာတို့ အလိုကျ အချက်များ တောင်းဆို၍ စစ်ပြေငြိမ်းနိုင်သည့် အခါကောင်း ဖြစ်သည်ဟု ဆုံးဖြတ်ကာ ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ် မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုကြလေသည်။ စာချုပ်ပါ အချက်အလက်များမှာ အတိုချုပ် အားဖြင့် တရုတ် မြန်မာ ချစ်ကြည်စွာ ဆက်ဆံရန်၊ တရုတ်ဘက်သို့ ခိုလှုံသော စော်ဘွားများကို ပြန်လည် အပ်နှင်းရန်၊ နှစ်ဖက် စစ်သုံ့ပန်းများကို ဆိုင်ရာသို့ အသီးသီး ပြန်လည် အပ်နှင်းရန်၊ မြန်မာ့ လက်အောက်ခံ မှန်သမျှကို ရှေးယခင် ထုံးတမ်းအတိုင်း ဆက်ဆံရန်နှင့်၊ နှစ်ပြည်ထောင် မင်းနှစ်ပါးတို့ ရှေးယခင် အတိုင်း လက်ဆောင်ပဏ္ဏာ၊ အကြည်တော်၊ သဝဏ်လွှာ အပြန်အလှန် ကမ်းလှမ်းကြရန် ဖြစ်လေသည်။


ရှေးယခင်က အတိုင်း နှစ်ပြည်ထောင် ပြန်လည် ဆက်ဆံမည် ဟူသော အချက်တွင် ရှုပ်ထွေးချက် တရပ် ပေါ်ပေါက်ခဲ့သည်။ ၎င်းမှာ တရုတ် ယူဆပုံနှင့် မြန်မာ ယူဆပုံတို့ ကွဲလွဲခြင်းကြောင့် ဖြစ်လေသည်။ ထိုခေတ်က ဥရောပ တိုက်သားများကဲ့သို့ မြန်မာတို့သည်လည်း သတိမမူခဲ့သော အချက်တခု ရှိလေသည်။ ထိုအချက်မှာ တရုတ်များက သာလျှင် တရားဖြောင့်မှန်၍ တရုတ်နိုင်ငံသည် သာလျှင် ကမ္ဘာတွင် အယဉ်ကျေးဆုံးသော တိုင်းနိုင်ငံ ဖြစ်သောကြောင့် အခြားသော တိုင်းနိုင်ငံ မှန်သမျှကို မိမိတို့ နိုင်ငံထက် အဆင့်အတန်း နိမ့်စွာထား၍ ဆက်ဆံရမည် ဟူသော တရုတ်တို့၏ သဘောထားကို သတိမူခြင်း မရှိခဲ့သော အချက် ဖြစ်လေသည်။ တရုတ်တို့၏ ယူဆပုံမှာ မြန်မာတို့က ရှေးယခင်အတိုင်း နှစ်ပြည်ထောင် ပြန်လည် ဆက်ဆံမည် ဆိုခြင်းသည် တရုတ်တို့ သြဇာခံ နိုင်ငံအဖြစ် နေရန် လက်ခံခြင်း ဖြစ်သည်ဟူ၏။ မြန်မာ စစ်မှူး စစ်ကဲတို့သည် မိမိတို့အား လှည့်ဖျားခြင်းကို ရိပ်စားမိခြင်း မရှိကြချေ။ တရုတ်များနှင့် နောင်ရင်း ညီဘွားကဲ့သို့ ဆက်ဆံကြသည်။ မိမိတို့ဘက်မှ စစ်အောင်မြင်သော စစ်မှူး စစ်ကဲများ၏ ဂုဏ်ရှိန်တက်လျက် ရှိကြသည်။ နှစ်ဖက်သော စစ်မှူးများသည် လက်ဆောင်ပဏ္ဏာ အပြန်အလှန် လဲလှယ်ပြီးသော အခါ တရုတ် စစ်တပ်ကြီးကို ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာ စေလေသည်။


တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ် မြန်မာ စစ်ပြေငြိမ်းရေ စာချုပ်ကို တရုတ်စစ်မှူး စစ်ကဲများ တင်လျှောက်ချက် အတိုင်း သာမန် လက်ခံခဲ့သည်။ မြန်မာတို့ ယူဆပုံနှင့် တရုတ်တို့ ယူဆပုံ ကွဲလွဲကြောင်း ထင်ရှားလာသော အခါ လွန်စွာ မျက်မာန် ရှတော်မူသည်။ သို့သော် တရုတ် ဧကရာဇ်သည် မြန်မာတို့က လှည့်ဖျားခြင်း ဖြစ်သည်ဟု ရာဇပရိယာယ် ဆင်၍ ရာဇဣဏ္ဍေန္ဒ ထိန်းချုပ် ထားလေသည်။ ဆင်ဖြူရှင် မင်းတရားကလည်း မိမိထံ အကြောင်း မကြားဘဲ စစ်ပြေငြိမ်း ရမည်လောဟု ရာဇမာန် ပွားသဖြင့် တာဝန်ရှိသော စစ်မှူး စစ်ကဲတို့သည် မင်း၏ အမျက်တော် ပြေစေရန် မဏိပူရသို့ သွားရောက် တိုက်ခိုက်ပြီးလျှင် ရွှေ၊ ငွေ၊ ဘဏ္ဍာ၊ ကျေးကျွန်၊ အမြောက်အများ သယ်ဆောင် လာကြသည်။ မဏိပူရသို့ မြန်မာ စစ်မှူး စစ်ကဲများ စစ်ချီနေသည့် အတောအတွင်း ဆင်ဖြူရှင်သည် အမျက် မပြေနိုင်ဘဲ စစ်မှူး စစ်ကဲတို့၏ သား မယားများကိုပင် ဒဏ်ခတ်ခြင်း ပြုလေသည်။


ဆင်ဖြူရှင်နှင့် နောက် ထီးနန်းဆက်ခံသူ စဥ့်ကူးမင်းတို့သည် တရုတ် ဧကရာဇ်ထံမှ စော်ကားစွာ ရေးသားထားသော သဝဏ်လွှာများကို ရကြသည်။ သို့သော် တရုတ် ဧကရာဇ်သည် မိမိ ဂုဏ်သိက္ခာကို မထိခိုက်စေရန် ယူနန် ဘုရင်ခံ၏ အမည်ဖြင့် သဝဏ်လွှာများကို ပေးပို့လေ့ ရှိသည်။ မြန်မာတို့ကမူ မြန်မာ့ သစ္စာကို သွေဖီသွားသော ရှမ်း စော်ဘွားများကို ပေးအပ်ခြင်း မပြုသ၍ တရုတ် သုံ့ပန်းများကို ပြန်လည် အပ်နှင်းခြင်း မပြုဘဲ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း လက်လွှတ်ခြင်း မပြုချေ။


မန်ချူးနိုင်ငံ၏ အင်အားသည် လက်နက် အင်အား မပြည့်စုံသော ရှေးကျသည့် စစ်တပ်ကြီးပေါ်တွင် တည်၍ နေလေရာ တနေ့တခြား အင်အား ဆုတ်ယုတ်၍ တရုတ် ပြည်တွင်းရေးပင် ခိုင်လုံခြင်း မရှိတော့သည့် အခြေသို့ ရောက်လာ လေတော့သည်။ မကြာမြင့်မီ ဥရောပ တိုက်သားများ၏ နယ်ချဲ့ခြင်းကို အာရုံ စူးစိုက်လျက် ရှိသမျှ အင်အားကို အသုံးချ၍ နေရတော့မည် ဖြစ်သည်။ ထိုကြောင့် တရုတ် တပ်ကြီးသည် မြန်မာနိုင်ငံမှ ဤ တကြိမ် ဆုတ်ခွာ ပြီးသည့်နောက် တဖန် ပေါ်ပေါက်လာခြင်း မရှိတော့ချေ။ ထိုအချိန်မှ စ၍ တရုတ်တို့သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် အင်အား ဆုတ်ယုတ်၍ လာခဲ့သည်။ သို့သော် ချင်းလုံမင်းသည် မြန်မာတို့ကို မကျေချမ်းသော စိတ်ဖြင့် ဗန်းမော်မှ တဆင့် တရုတ်နိုင်ငံနှင့် ကူးသန်း ရောင်းဝယ် ပြုခြင်းကို လည်းကောင်း၊ ရေလမ်းဖြင့် ဆက်သွယ် ဖောက်ကားခြင်းကို လည်းကောင်း၊ ရပ်တန့် လိုက်လေသည်။
ကိုးကား

1. ↑ ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ်ကနေ 'ဆင်ဖြူရှင်မင်း (၁၇၆၃ - ၁၇၇၆) အကြောင်းနဲ့ ၎င်းလက်ထက် မြန်မာနိုင်ငံ အခြေအနေ'

အာဇာနည်နေ့  အကြောင်း သမိုင်းအစုံ


 
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။
အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။
နံနက် ၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မဲ့ ၀န်ကြီးများ အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။ ၁၀ နာရီ ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ် ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊“ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။
ကာကွယ်ရေး ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန် လမ်းခရီးမှာပဲ ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထဋ် တို့မှအပ ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ ရောက်ရှိ နေကြပြီ ဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့ အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ အလုပ်များနေကြတယ်။
ဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို ဗိုလ်ချုပ်နှင့် အပါးတော်မြဲ ဗိုလ်လှထွန်တို့ ၀င်လာပြီး ၊ ဗိုလ်လှထွန်းက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။ ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း ရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့ 

Tuesday, March 11, 2014

“ ပေးကမ်း စွန့်ကြဲခြင်း…”




အပြုသဘောဖြင့် အကျိုးပြုလိုတဲ့ စိတ်အခြေခံနှင့်စဉ်းစားတဲ့
ပုဂ္ဂိုလ်များအတွက်မူ
ပေးကမ်းစွန့်ကြဲခြင်းဟာ အမြင့်မြတ်ဆုံး ပင်ကို စွမ်းအားတစ်မျိုးကို
ထူထောင်ခြင်းဖြစ်ပါတယ်။
ပေးကမ်းစွန့်ကြဲတဲ့ လုပ်ငန်းတွင် စိတ်ရဲ့စွမ်းအားကြံခိုင်မှုကိုလည်းကောင်း၊
မိမိရဲ့ ပစ္စည်းဥစ္စာပေါကြွယ်ဝမှုကိုလည်းကောင်း၊
မိမိရဲ့ ပါဝါစွမ်းရည်ကို လည်းကောင်း၊
လက်တွေ့သိရှိလာရပါတယ်။
မိမိရဲ့ ကြံ့ခိုင်တဲ့ စိတ်စွမ်းရည်နှင့် တက်ကြွတဲ့ သဘောကို သိရခြင်းဟာ
ကြည်နူးဝမ်းမြောက်စရာဖြစ်ပါတယ်။
ပေးကမ်းစွန့်ကြဲတဲ့အချိန်တွင်
စိတ်ကောင်းစေတနာတွေ ယိုဖိတ်စီးဆင်းနေသလို
မိမိမှာ ရှိတဲ့ပစ္စည်းကို အကျိုးရှိရှိ အသုံးချနေရသလို
စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက်ကြည်နူးနေမှု ကို ခံစားရပါတယ်။
ပေးကမ်းစွန့်ကြဲခြင်းဟာ ရယူရခြင်းတက် ကြည်နူးပျော်ရွှင်စရာကောင်းပါတယ်။
ပေးကမ်းစွန့်ကြဲခြင်းဟာ ကောင်းမြတ်တဲ့ စေတနာရဲ့ နိုးကြားရှင်သန်မှုကို
ဖော်ညွှန်းပေးတဲ့အတွက် ပေးကမ်းစွန့်ကြဲခြင်းဟာ
ကြည်နူးပျော်ရွှင်စရာ ပိုကောင်းခြင်းဖြစ်ပါတယ်။

“ အပြုံး…”



အပြုံးတစ်ချက် ပြုံးပြဖို့ ဘာမှ မကုန်ပါ။
ဒါပေမယ့် အပြုံးတစ်ချက်ဟာ ကြီးမားတဲ့ အကျိုးဆက်ကို ဖြစ်စေနိုင်ပါတယ်။
အပြုံးကို ရသူဟာ ပိုမိုအင်အားပြည့်ဝပြီး ပေးရသူအတွက်လည်း
ဘာမှ လျော့ပါးသွားခြင်းလည်း မရှိပါ။
အပြုံးတစ်ချက်ဟာ တစ်ခဏသာ ကြာပါတယ်။
အပြုံးလက်ခံရသူရဲ့ စိတ်နှလုံးမှာ ထာဝရ တည်သွားနိုင်ပါတယ်။
ချမ်းသာလွန်း၊ အင်အားကြီးလွန်းသူတွေလည်း
အပြုံးအင်အား၊အပြုံးချမ်းသာ ထပ်လိုကြပါတယ်။
အပြုံးဟာ ဆင်းရဲ၊ချမ်းသာဆိုပြီးခွဲခြားထားခြင်းမရှိပါ။
အပြုံးတစ်ချက်ဟာ မိသားစု ပျော်ရွှင်မှုကို ဖန်တီးပေးပါတယ်။
လုပ်ငန်းလုပ်ဆောင်ရာမှာလည်း စိတ်စေတနာကောင်းဖို့ ဖြစ်စေပါတယ်။
တစ်ဦးနဲ့တစ်ဦးမိတ်ဆွေဖြစ်မှုရဲ့ သက်သေပြ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
မတည်မငြိမ် ဝေဝါးနေသူအတွက် အပြုံးက အနားရစေပါတယ်။
ဝမ်းနည်းနေသူအတွက် မျှော်လင့်ချက်နေရောင်သဖွယ်ဖြစ်ပါတယ်။
အပြုံးဟာ ဒုက္ခရောက်နေသူအတွက် အကောင်းဆုံး သဘာဝဆေးပင်ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ကို ဝယ်ယူ၍ မရပါ။
တောင်းခံ၍ လည်း မရပါ။
ချေးငှားခြင်း (သို့မဟုတ် )
ခိုးယူခြင်းဖြင့်လည်း မရနိုင်ပါ။
အပြုံးဟာ အခြားလူအတွက် မပေးကမ်းသမျှ
ဘယ်သူ့အတွက်မှ တန်ဖိုးမရှိတဲ့ အရာဖြစ်ပါတယ်။
သင့်အပြုံးနဲ့ အခြားသူများကို စတင်ကြိုလိုက်ပါ။
သူတစ်ပါးအတွက် မပြုံးနိုင်အောင်
အခြေအနေဆိုးသူ မရှိပါ။
ဆင်းရဲနေသူမရှိပါ။
Twitter Bird Gadget