Monday, January 20, 2014
အာဖဂန် က ဘုရားရှင် လက်ထက် သပိတ်တော် ၊ ၀ိတိုရိယ ဘုရင်မကြီး သရဖူ က ၁၀၅ ကာရက် စိန်ကြီး နဲ့  တစ်ချိန် က အန္ဒိယ ပိုင်ခဲ့ သမျှ ကို အကုန် ပြန်တောင်း တော့ မည်
ဘုရားရှင် လက်ထက် က သမိုင်းဝင် အမွေ အနှစ် ဖြစ် တဲ့ ကျောက်သပိတ်တော် ကြီး
ကို အာဖဂန် နစ္စတမ် က နေ ပြန်တောင်း ဖို့  အန္ဒိယ က ကြိုးစား နေ ပြီ ဖြစ် ပါတယ်။
ပေါင် ၈၈၀ ကျော် လေးတဲ့ သပိတ်တော် ကြီး ကို ဘုရားရှင် လက်ထက် က
အန္ဒိယ ဘုရင် တစ်ပါး က လှုဒါန်းထား တာ ဖြစ် ပြီး ၊ အခု ခောတ်နဲ့  ဆို ပါကစ္စတန် နိုင်ငံ
ပက်ရှဝါ ပြည်နယ် လောက် မှာ မြတ် ဗုဒ္ဓ က အလှုခံ ခဲ့ တာ လို့  သမိုင်း ပညာရှင် တွေ က ဆို ပါတယ်။
၁၈ ရာစုနှစ် ရှေးဟောင်း သုတေသန နဲ့  ဗြိတိသျှ သမိုင်း ပညာရှင် Alexander
Cunningham က သူရဲ့  မှတ်တမ်း မှာ သပိတ် တော် ကြီး အိန္ဒိယ မှာ ဆင်နဲ့  သယ်စဉ်
က ဆင် က သပိတ်ရဲ့  အလေးချိန် ကို မခံ နိုင်လို့  ယိုင်လဲ သွား တယ် လို့  ဆို ပါတယ်။
အန္ဒိယ က သပိတော် ကြီး ကို ပြန်တောင်း မှာ ဖြစ် သလို ၀ိတိုရိယ ဘုရင် မကြီး က
၁၈၇၇ ခုနှစ် မှာ သူဟာ အန္ဒိယ ပြည့် ရှင် အဖြစ် ကြေငြာ တော့ သရဖူ အလည် က
၁၀၅ ကာရက် ရှိ တဲ့ စိန်ကြီး ကို လည်း ပြန်တောင်းမှာ ဖြစ် ပါတယ်။
အိန္ဒိယ က အာဖဂန် နစ္စတန် မှာ ရှိ နေတဲ့ ဗုဒ္ဓ အမွေ အနှစ် တွေ ပြန်ရ အောင်ကြိုး ပမ်း
မှု ဟာ ၂၀၀၁ ခုနှစ် မှာ တာလီဘန် က ဗုဒ္ဓ ရှေးဟောင်း ဆင်းတုတော် ကြီး ကို ဗုံးခွဲ ဖြို
ချ ပြီး ကတည်း က ဖြစ် ပါတယ်။
၂၀၁၀ ခုနှစ် မှာ တုန်းက ဗြိတိသျှ ၀န်ကြီး ချုပ် ဒေးဗစ် ကင်မရွန် က စိန်ကြီး ကို အန္ဒိယ နိုင်ငံ ကို
ပြန်ပေး ဖို့  ငြင်းဆန် ခဲ့ ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment