link

Friday, January 17, 2014

ဘလော့ ဆိုသည်မှာ....

ဘလော့ဆိုတာ ကိုယ်ရေးချင်တာ ကိုယ်ချရေးတာပဲလေ၊

ဘလော့စာမျက်နှာကို ဖွင့်ကြည့်တုန်း တွေးမိတာလေးကို

ချပြီးရေးလိုက်တာလည်း ဖြစ်နိုင်တာပါပဲ၊

ကိုယ်က ဒီမှာ နုနုရွရွနဲ့ ခံစားပြီး ရေးပေမယ့်
ဖတ်သူက ခံစားမူမပါ ဖတ်ချင်သလို ဖတ်မှာပေါ့၊
ကိုယ်ပေးတဲ့အရာ သူ့မှာမလိုနေတာ မဟုတ်ရင်တော့လည်း
 ဒီလိုပဲ ဖတ်သွားမှာ၊

ဒီလိုမဟုတ်ပဲ
ကိုယ်က ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ စကားလုံးတွေဟာ သူ့ကို တစုံတရာ
ဖြစ်သွားစေမယ်ဆိုရင်တော့
စာရေးတဲ့ အလုပ်မှာ အောင်မြင်တယ်လို့ ဆိုနိုင်တာပဲ။

ဒီလိုလည်း တွေးမိပြန်တယ်၊
ရေးချင်တာသာ ချရေးလိုက်၊ ကိုယ်က ရေးချင်တာပဲ သိတယ်မဟုတ်လား၊
ကိုယ့်အရွယ်နဲ့ တော်တာ မတော်တာတွေ၊ တွေးမနေပဲ
ကိုယ့်မှာ ရှိနေတဲ့ အတိုင်းသာ ချရေးလိုက်၊
ဖတ်သူကလည်း စာရေးထားတာကို ပဲဖတ်၊ အရေးအသားထဲကိုပဲ ကြည့်၊
ရေးသူကို မမြင်ယောင်နဲ့၊
ရေးသူနဲ့ သူ့စာဟာ တထပ်တည်းကျတယ်လို့ မတွေးမြင်လိုက်နဲ့၊

ရေးသူက ရေးတဲ့ စာခေါင်းစဉ်ပေါ်မှာလည်း မူတည်ပါတယ်လေ၊

သတင်းပေးချင်တာလား၊ ရသပေးချင်တာလား၊ အရေးအသားပညာကို ပြချင်တာလား၊ စာရေးရခြင်းမှာ ပုံသဏ္ဍာန်တွေ အမျိုးမျိုးရှိမယ် ထင်တယ်..။


ကျွန်တော်ကတော့ စိတ်ထဲ ဖြစ်ပေါ်တာမှန်သမျှ စကားလုံးတွေ အဖြစ် စီချလိုက်ချင်တာပါပဲ။
ကျေးဇူးနော်၊ ဖတ်သူများ။

No comments:

Post a Comment

Twitter Bird Gadget