လူတိုင်း
စွန် ကို လွှတ်ဖူးသည့်သူမရှိလျင်တောင်မှ စွန်လွှတ်နေတဲ့သူတွေကိုတော့ ကြီး၊ငယ် အရွယ်
စုံ မြင်တွေ့ဖူးကြပြီးသားပါ၊ ရစ်ဘီးမှာ မှန်စာတိုက်ထားတဲ့ နိုင် လွန်ကြိုးနဲ့
မြေပြင်ထက်ကနေ အမြင့်ရောက် သည် အထိ လေဟုန်နဲ့ အတူ လွှတ်တင်ပြီး ကစားရတဲ့
နည်းတစ်မျိုးပါ။
စွန်လွှတ်နေသူစိတ်ဟာ ရစ်ဘီးကနေတဆင့် ကြိုးနဲ့သွယ်တန်းထားသည့် လေ အဟုန်မှာ လွင့်မျှာလူးလွန့်ကာ ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် စွန် အပေါ်မှာသာ အာရုံ စုစည်းထား ရပါတယ်။
စွန်လွှတ်သူနဲ့ "စွန်" ဟာ တစ်သားတည်း ဖြစ်နေရပါမယ်။ ဘေးပတ်ဝန်းကျင် က ကိုယ့်ကို လာတိုက်ခိုက်တဲ့ စွန် တွေရဲ့ အန္တရာယ်ကနေလည်း ကင်းလွတ်အောင် ပါးပါးနပ်နပ် တိမ်းရှောင်တတ်ရပါမယ်၊ ကိုယ်, ကိုယ်တိုင်ရဲ့ "စွန်" ကိုလည်း အဆုံး စွန်ထိ လွှင့်မတက်မသွားစေရအောင် စွန်နဲ့တွယ်တန်းထားတဲ့ ကြိုးကို လည်း ရစ်ဘီးကို အတိုး၊ အလျှော့ပြုကာရယ် ကြိုးစားထိန်းမတ်ပေးတတ်ရပါမယ်။
ဒါမှသာ လေဟုန်မှာ ပျော်မြူးနေတဲ့ စွန်ကလေးက ရေရှည်ခံပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အပေါင်းဖော် စွန်တွေနဲ့လည်း သင့်မြတ်ပြီး ပျော်ရွှင်မြူးတူးစွာနဲ့ လေဟုန် စီးနေနိုင်မှာပါ ။
ကျွန်တော်တို့ဟာလည်း "စိတ်" ရဲ့ စွန်လွှတ်သူတွေချည်းပါပဲ ။စွန်လွှတ်နေသူစိတ်ဟာ ရစ်ဘီးကနေတဆင့် ကြိုးနဲ့သွယ်တန်းထားသည့် လေ အဟုန်မှာ လွင့်မျှာလူးလွန့်ကာ ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် စွန် အပေါ်မှာသာ အာရုံ စုစည်းထား ရပါတယ်။
စွန်လွှတ်သူနဲ့ "စွန်" ဟာ တစ်သားတည်း ဖြစ်နေရပါမယ်။ ဘေးပတ်ဝန်းကျင် က ကိုယ့်ကို လာတိုက်ခိုက်တဲ့ စွန် တွေရဲ့ အန္တရာယ်ကနေလည်း ကင်းလွတ်အောင် ပါးပါးနပ်နပ် တိမ်းရှောင်တတ်ရပါမယ်၊ ကိုယ်, ကိုယ်တိုင်ရဲ့ "စွန်" ကိုလည်း အဆုံး စွန်ထိ လွှင့်မတက်မသွားစေရအောင် စွန်နဲ့တွယ်တန်းထားတဲ့ ကြိုးကို လည်း ရစ်ဘီးကို အတိုး၊ အလျှော့ပြုကာရယ် ကြိုးစားထိန်းမတ်ပေးတတ်ရပါမယ်။
ဒါမှသာ လေဟုန်မှာ ပျော်မြူးနေတဲ့ စွန်ကလေးက ရေရှည်ခံပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အပေါင်းဖော် စွန်တွေနဲ့လည်း သင့်မြတ်ပြီး ပျော်ရွှင်မြူးတူးစွာနဲ့ လေဟုန် စီးနေနိုင်မှာပါ ။
ဒီလိုပဲ ကျွန်တော်တို့ရဲ့ သဏ္ဍာန်မှာ တည်ရှိနေတဲ့ "စိတ်" တွေက လေအဟုန်မှာ စီးမျှောနေ တဲ့ စွန် ကလေးတွေနဲ့ အလားသဏ္ဍာန်တူညီကြပါတယ် ။
ရစ်ဘီးနဲ့တွယ်တန်းထားပြီး ဝေဟင်မြင့်ဆီမှာ လေအဟုန်စီးနေတဲ့ စွန် ကလေးတွေ ရေရှည်
တည် မြဲနေအောင် ရစ်ဘီးကို ရှေ့တိုး၊ နောက်ဆုတ် လှည့် ကစားပေးပြီး
ထိန်းမတ်ပေးနေရသလိုပါပဲ ကိုယ့်သ ဏ္ဍာန်မှာ ကိန်းဝပ်နေတဲ့ စိတ်ကိုလည်း အတိုး၊
အလျှော့လုပ်ပေးကာ ထိန်းမတ်ပေးနိုင်မှသာ လျှောက် လှမ်းနေရ တဲ့ ဘ၀ခရီးကို
ပတ်ဝန်းကျင်နှင့် သင့်မြတ်ကာ ဖြတ်သန်းနိုင်ကြပါမှာ ။
လေအဟုန်မှာ လွှင့်နေတဲ့ စွန် နဲ့ ရစ်ဘီးမှတဆင့် တွယ်တန်းထားတဲ့ စွန်ကြိုးလေး ပြတ်မသွားရအောင် ထိန်း မတ်ပေးရသလိုပဲ ကျွန်မတို့ရဲ့ စိတ်သဏ္ဍာန်ကိုလည်း အသိတရားနှင့်အတူ ထိန်းမတ်ပေးဖို့ လိုအပ်ပါတယ် ။
"စိတ် ဆိုသည်ကလည်း လွှတ်ထားလျှင် လွှတ်ထားသည့်အလျောက် လွတ်ထွက်သွားတတ်သည့် သဘောပင် ရှိသည်မဟုတ်လား ..."
No comments:
Post a Comment