link

Monday, January 20, 2014

ကန္တာရ သစ်ပင်....


ကန္တာရထဲ ရှင်သန်ကြီးပြင်း
သစ်တစ်ပင်နှယ်
မိုး ဆိုတာကို မျှော်တစ်လင့်လင့်
ငံ့လင့်စောင့်ဆိုင်း
မက်..မနေတာပဲ ကောင်းပါတယ်။  ။

မြင်သမျှ အဆုံး သဲပင်လယ်နဲ့
မျှော်လင့်မိတော့ လေပြေသုန်သုန်
ရောက်လာရက်တော့ လေနီကြမ်းတမ်း
မြက်ခင်စိမ်းစိမ်း ရှာမတွေ့တယ်
ကန္တာရထဲ ဒီတစ်ပင်တည်း။ ။

မြစ်ချောင်း အင်းအိုင်
စမ်းရေးစီးသံ ရွှေငါးတို့မြူး
တေးသီငှက်ငယ် ခပ်စိမ်းစိမ်းတော
အသိသာရှိ ဘယ်ဆီဘယ်ဝယ်
မတွေ့ မရှိ မထိဘူးတယ်။  ။

ဒီကန္တာထဲ ပေါက်ဖွားရှင်သန်
ဒီ. အပင် ဖြစ်လာမှတော့
ဒီ..သဲပင်လယ် ငါမြတ်နိုးမယ်
ဒီ..လေကြမ်းလဲ ငါခံရမယ်
ဒီ..မိုး မလာလဲ ငါ..
ဆက်လို့ ရှင်သန်နေအုန်းမယ်။  ။

No comments:

Post a Comment

Twitter Bird Gadget