link

Tuesday, January 14, 2014

အတွေးအခေါ် ဆိုသည်မှာ....



၂ဝ၁၁ခုနှစ်၊သြဂုတ်လ ၁၈ရက်နေ့က ကွယ်လွန်ခဲ့သည့် ဆရာကြီး ဒေါက်တာနန္ဒာ သိန်းဇံ ယခုဆိုလျှင် ၂ နှစ်ကျော်ဝန်းကျင်ပင် ရှိခဲ့ပြီဖြစ်၏။ ဆရာကြီး ကွယ်လွန်သွားခြင်း ကို စာပေအသိုင်းအဝိုင်းနှင့်ပညာရှင် အသိုင်းအဝိုင်းတို့က အလွန်နှမြောတသ ဖြစ်ကြရသည်။ အဘယ်ကြောင့်နည်း ဆိုသော် ဆရာကြီးကို ထူးခြားရိုးသား ထက်မြက်သော အတွေးအခေါ်ပညာရှင် အဖြစ်ယူဆထားသောကြောင့်ဟုဆိုနိုင်မည် ထင်ပါသည်။ယူဆထားသည့်အတိုင်းတကယ့် ရှားပါးသောအတွေးအခေါ်ပညာရှင်လည်းမှန်ပါပေ သည်။တစ်ခေတ်တွင်တစ်ယောက် ဟုဆိုရလောက်အောင်ထူးချွန်သူလည်းဖြစ်သည်။သို့ဖြစ်လျှင် အတွေးအခေါ်ဆိုသည်မှာ အဘယ်နည်းဟု သိဖို့လိုအပ်ပါ၏။ စာပေ အသိုင်းအဝိုင်းနှင့် ပညာရှင်ပညာတတ် အပါ အဝင် လူအများစုက အတွေးအခေါ်ဟူ သော အနက်အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်ကြပါသည်။ သို့သော် လူ
အနည်းစုကမူ အတွေးအခေါ်ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို အတွင်းကျ ကျ သိချင်မှသိပေလိမ့်မည်။တစ်ခါက ကျေးလက်ဒေသတစ်ခုတွင် စာရေးသူသည် လူငယ်လူရွယ်များနှင့် စကား စမြည်ပြောရင်း ဆရာကြီးနန္ဒာသိန်းဇံ၏ စာအုပ်အကြောင်းသို့ ရောက်သွား၏။
ထို့ ကြောင့်စာရေးသူကနန္ဒာသိန်းဇံဟာ တကယ့် အတွေး အခေါ်သမားပဲဟု ဆိုလိုက်မိ၏။ထိုအချိန်တွင်ဘေးနား၌ထိုင်၍ ငြိမ်သက် နားထောင်နေသော အဘွားအို တစ်ယောက် က ”အတွေးအခေါ်သမားဆိုတာ ဘာလဲ” ဟုမေး၏။ စာရေးသူလည်း အလွယ်တကူပြီး စေလိုသဖြင့် ”တွေးတတ်စဉ်းစားတတ်တာကို ပြောတာ”ဟုပြန်ဖြေလိုက်ရာ”အို-တွေးတော တာစဉ်းစားတာတော့တို့လည်းလုပ်တတ်ပါ တယ် အေ့၊ ဒီနေ့ဘာလုပ်မယ်၊မနက်ဖြန် ဘယ်သွား မယ်၊ဒီမနက်ဘာချက်မယ်၊ ဒီညဘာစားမယ်နဲ့ ငါတို့လည်း တွေးတောစဉ်းစားတတ်သားပဲ” ဟူ သော စကားကြောင့် ငိုရမလို ရယ်ရမလို ဖြစ်သွား၏။ဟုတ်ပါသည်။ လူမှန်လျှင် သူသူငါငါ အားလုံး သာမန်အားဖြင့် တွေးတောစဉ်းစား တတ်ကြပါသည်။ သို့ဖြစ်လျှင် ဤနေရာနယ် ပယ်၌ ဆိုလိုသော တွေးခေါ်စဉ်းစားမှု ဆို သည်မှာ အဘယ်နည်း။ အဘယ်ကဲ့သို့ တွေး ခေါ်စဉ်းစားမှုများကို ဆိုလိုသနည်း။ရှင်းရှင်း လင်းလင်း သိရန်လိုအပ်ပါသည်။ တွေးခေါ် စဉ်းစားမှု၏ အဓိပ္ပာယ်ကို နားလည်သဘော ပေါက်ပါမှ အတွေးအခေါ်ပညာရှင် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကိုလည်း ရှင်းလင်းစွာ သိနိုင်ပေမည်။အတွေး အခေါ်တည်းဟူသော ဒဿနိ ကဗေဒပညာရပ်သည်ဂရိနိုင်ငံမှစတင်ပေါက် ဖွားလာသည်ဟု ဆိုနိုင်ပါသည်။ ယင်းကို အင်္ဂလိပ်က Philosophy ဟု ခေါ်၏။ထိုဝေါဟာရ ကို မြန်မာပညာရှင်တို့က ပညာရပ်ဝေါဟာရအနေဖြင့် ဒဿနိက ဗေဒဟု ပြန်ဆိုသုံးစွဲကြပါသည်။ ထိုပြန်ဆို သုံးစွဲသော ဝေါဟာရမှာ မြန်မာစကားစစ်စစ် မဟုတ်ပေ။ ပါဠိဝေါဟာရသာဖြစ်ပြီး အဖြောင့် အဓိပ္ပာယ်မှာ ကြည့်ခြင်းမြင်ခြင်း သို့မဟုတ်သိမြင်ခြင်းဟု ဆိုနိုင်ပါသည်။ ယင်းကိုပင် အတွေးအခေါ်ဘာသာရပ်၊ အတွေးအမြင်ဘာသာ ရပ်ဟု မြန်မာမှု စစ်စစ်ပြုကြပါသည်။စာရေးသူကား အတွေးအခေါ် ဟူ သော ဝေါဟာရထက်အတွေးအမြင်ဟူသော ဝေါဟာရကို ပိုမိုနှစ်သက်ပါသည်။အတွေး အခေါ်ဟူေ သာဝေါဟာရမှာ တွေးတော စဉ်းစားမှုကိုသာ ကိုယ်စားပြုပြီး ထိုးထွင်း သိမြင်ခြင်းကို ရာနှုန်းပြည့် မဖော်ဆောင်နိုင်သလိုထင်ရ၏။ တွေးရုံသာတွေး၍ မသိမမြင်လျှင် အနှစ်သာရမရှိချေ။ တွေးတော စဉ်းစား၍ အသိအမြင်ကို ပေးစွမ်း နိုင်မှသာ အနှစ်သာရရှိပါသည်။အတွေးအမြင်ဟူသော ဝေါဟာရ သည် တွေးတောဆင်ခြင်ခြင်းကို သာမက သိမြင်ခြင်းကိုပါ ထင်ဟပ် စေနိုင်သည်ဟုယူဆသောကြောင့် အတွေးအခေါ်ဟူသော ဝေါဟာရ ထက် ပိုနှစ်သက်ပါသည်။ တွေးခေါ်မှုဆိုသည်မှာ သူသူငါငါ နေ့ စဉ် တွေးတော စဉ်းစားသကဲ့သို့ ဘာလုပ်မည်၊ ဘယ်သွားမည်၊ ဘာစားမည်၊ ဘာဝတ်မည် ဟူသော သာမန်အတွေးမျိုးမဟုတ်ဘဲ ထို့ထက်မြင့်မားသော အတွေးမျိုး ကိုသာ ဆိုလို ကြောင်း သိနိုင်ပါသည်။ စာရေးသူ တွေးမိသလောက် ပြောရလျှင် အတွေးအမြင် (ဒဿ နိက) ဆိုသည်မှာ-
 (၁) ဘဝကို (လူနေမှုဘဝကို) တိုး တက်စေနိုင်သော သဘောတရားများ၊
    (၂) ကိုယ်ကျင့်တရား ကောင်းမွန် မြင့် မြတ်ရေးကို ဦးတည်သော မူဝါဒများ၊
    (၃) ရှုပ်ထွေးသော (ပဟေဠိဆန်သော) ပြဿနာတို့ကို အဖြေရှာပေးနိုင်သော အချက်အလက်များ၊
    (၄) စဉ်းစားဆင်ခြင်ဥာဏ်ကို မှန်ကန် ဖြောင့်မတ်စေနိုင်သော နီတိကျင့်ဝတ်များ၊
    (၅) အသိဥာဏ်ကို ရင့်ကျက်စေ နိုင်သော နည်းလမ်းဥပဒေသများ
ဟူသော အချက်အလက်တို့ တိုက်ရိုက် အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်သော အားဖြင့်ဖြစ် စေ ပါဝင်ဆက်စပ်နေရမည်။ ခြုံငုံ၍ ပြောရ လျှင် လူ့ဘဝလူ့လောက ကောင်းကျိုး ကို မြှင့် တင်ပေးနိုင်သောအသိအမြင်တို့ကို ပေးစွမ်း နိုင်သည့်လောကအမြင်အယူအဆသဘော တရားခံယူချက်များ ပါဝင်နေရပါမည်။ သို့မှသာ အတွေးအခေါ် (သို့မဟု တ်) အတွေး အမြင်ဟု ခေါ်ဆိုနိုင်ပေမည်။အတွေးအခေါ်ပညာရှင်(ဒဿနိက ဗေဒ ပညာရှင်)ဆိုသည်မှာ ထိုအတွေးအမြင်မျိုးကို ပိုင်နိုင်ကျွမ်းကျင်၍ ဖော်ထုတ်တင်ပြ တတ်သူတို့ ဖြစ်ကြသည်။ သို့သော် ခြွင်းချက် ကား ရှိပေလိမ့်မည်။ ပိုင်နိုင်ကျွမ်းကျင်သည် ဆိုရာ၌ ယခင်ရှိနှင့်ပြီးသော၊ ရှေးလူတို့ ဖော် ထုတ်တင်ပြထားသော၊ အဟောင်း အဟောင်း သော သဘောတရားများ၊ အယူအဆများကို သာ ပိုင်နိုင်ကျွမ်းကျင်ရမည် မဟုတ်ချေ။ အဟောင်းမှ ခွဲထွက်၍ အသစ်အသစ်သော နည်းလမ်းဥပဒေသတို့ကို ရှာဖွေဖော်ထုတ် တင်ပြနိုင်စွမ်းလည်း ရှိရပါမည်။အဟောင်းမှ ခွဲမထွက်နိုင်လျှင်လည်း အဟောင်းကို မူတည်၍ အသစ်ထပ်မံ ဖြည့်စွက်နိုင်သည့် အနေအထား၌ ရှိရမည် ဟု ယူဆပါသည်။ ထိုမျှမက ခေတ်နှင့်စနစ်နှင့် လျော်ညီသော အတွေးအမြင်မျိုးလည်း ဖြစ်ရပါမည်။အကယ်၍သာ အဟောင်းထဲက အဟောင်းများဖြစ်သော အတွေး အမြင်တို့ ကိုသာ နားလည်သဘောပေါက်ရုံ၊ တတ် မြောက်ကျွမ်းကျင်ရုံမျှဖြင့် အတွေးအခေါ် ပညာရှင် (ဒဿနိကဗေဒပညာရှင်)ဟု သတ်မှတ်ရမည်ဆိုလျှင် မြန်မာတွင် သာမက ကမ္ဘာတွင်ပါဒဿနိကဗေဒပညာရှင်များ ခြေချင်းလိမ်အောင် များပြားနေပေတော့ မည်။ အကြောင်းကား မြန်မာနှင့်ကမ္ဘာတွင် ဒဿနိကဗေဒပညာရပ်ဖြင့် ဘွဲ့ဒီဂရီ ပိုင်ဆိုင်ထားသူတို့ များစွာရှိနေကြသည် မဟုတ်လော။ဆရာကြီးနန္ဒာသိန်းဇံသည်ကား မြန်မာ ပြည်သူပြည်သားနှင့် ဗုဒ္ဓသာသနာတော် အတွက်သာမက ကမ္ဘာ သူကမ္ဘာသားတို့ အတွက်ပါ သစ်လွင်လတ်ဆတ်သော အတွေးအမြင် အယူအဆဒဿနများကို မွေးဖွားရှင်သန် ဖော်ထုတ်တင်ပြနိုင်ခဲ့သူဟု ဆိုနိုင်သည်။ တချို့တစ်ဝက် ကို တင်ပြရ မည်ဆိုလျှင် ‘သင်္ချိုင်းနှင့် တူတဲ့ မိတ်ဆွေ’ ဟူသော စကား၊ ‘စိတ်ဓာတ်ဆိုတာ ကျပျောက်လို့ရတဲ့အရာ မဟုတ်ဘူး ပြန်ကောက်’ ဟူသောစကား၊ ‘ပြည့်စုံခြင်း ဆုံးရှုံးခြင်းဆိုတာ ကြီးကျယ် မြင့်မြတ်တဲ့ သူတွေ အတွက်သာ ဖြစ်တယ်’ ဟူသောစကားနှင့် ‘လောကမှာ အလွယ်ကူဆုံးက ဆိုဆုံးမခြင်းဖြစ်ပြီး အခက်ခဲဆုံးက နားလည် မှုပေးခြင်းပဲ၊ ဒါပေမဲ့ လူကြီး တွေက လူငယ်တွေကို အလွယ်ဆုံး အရာ သာ ပေးလေ့ရှိပြီး အခက်ဆုံးကိုတော့ ပေးလေ့မရှိကြဘူး’ အစရှိသော စကားမျိုးတို့ ဖြစ်သည်။
ဤစကားတို့သည် လောကနှင့် လူသား တို့အတွက် များစွာအကျိုးပြုနိုင်သည့် သစ် လွင်လတ်ဆတ်သော အတွေးအမြင်များ ဖြစ် ကြပါသည်။ ဤအကြောင်းကြောင့်ပင် ပညာ  ရှင်တချို့က ”အနောက်တိုင်းတွင် ‘Playto is philosophy’ဟု ဆိုကြသလို မြန်မာပြည် တွင်လည်း  ‘Nandar Thein Zan is philosophy’  ဟု ဆိုထိုက်ေ ကြာင်း မှတ်ယူထား ကြသည်။ ထို့ကြောင့် ဒဿနိကဗေဒပညာ ရှင်မှန်လျှင် ထိုကဲ့သို့သော အတွေးအမြင် မျိုးကို ဖန်တီးထုတ်လုပ်နိုင်စွမ်း ရှိရပါမည်။ဆရာကြီးဦးနန္ဒာ သိန်းဇံ၏ ဂုဏ် ကျေးဇူးကို အမှတ်ရလျက်…။အတွေးအမြင်ဖြင့် လောကကောင်းကျိုး ကို သယ်ပိုးနိုင်ကြပါစေ..။

No comments:

Post a Comment

Twitter Bird Gadget